International News

ဟောင်ကောင်ဒေသ၌ လတ်ဆတ်သောကြက်ဉအနှစ်အရည်ထုတ်လုပ်သည့် လုပ်ငန်းသည် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပံ့ပိုးမှုရန်ပုံငွေ ဟောင်ကောင်ဒေါ်လာ (၁၄.၉) မီလီယံ ရရှိခဲ့ခြင်း

Last Updated:

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၏ ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်ဆန်းသစ်လုပ်ကိုင်ရန် အကြီးဆုံးစီမံကိန်းများထဲမှ လုပ်ငန်း တစ်ခုဖြစ်သည့် ကြက်ဉအနှစ်အရည်ထုတ်လုပ်သည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပံ့ပိုးပေးမှု ရန်ပုံငွေဟောင်ကောင်ဒေါ်လာ (၁၄.၉) မီလီယံရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါးတွင် ဟောင်ကောင်ဒေသရှိ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာဆိုင်ရာကော်မရှင်မှ ပြောကြားခဲ့ရာတွင် တီထွင်ဆန်းသစ်မှုမှတစ်ဆင့် ဟောင်ကောင်ဒေသ၌ ကုန်ပစ္စည်းများထုတ်လုပ်မှုတိုးတက်စေရေး ထုတ်လုပ်မှုစွမ်းရည်များ အဆင့်မြှင့် တင်နိုင်ရန် လတ်ဆတ်သော ကြက်ဉအနှစ်အရည်ထုတ်လုပ်သည့် Luen Tai Hong ကုမ္ပဏီသို့ ရန်ပုံငွေများထောက်ပံ့ခဲ့ကြောင်း၊ ထုတ်လုပ်မှုမှာ (၂) ဆမှ (၃) ဆအထိ၊ ပမာဏအားဖြင့် (၃၀) တန်မှ (၇၀) တန်အထိ တိုးတက်နိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ လျော့ကျနိုင်ကြောင်း၊ အဆိုပါစီမံကိန်းတွင် ဟောင်ကောင်ဒေါ်လာ (၄၅) သန်းကုန်ကျမည် ဖြစ်ပြီး ထုတ်လုပ်သည့်ကုမ္ပဏီမှ ဟောင်ကောင်ဒေါ်လာ (၃၀) သန်း ထည့်ဝင်လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ကြက်ဥနှစ်အရည်များကို မုန့်ဖုတ်ခြင်း၊ အစားအစာထုတ်လုပ်မှုများနှင့် စားသောက်ဆိုင်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှ စတင်ပံ့ပိုးခဲ့သည့် Re-industrialisatiion Funding Scheme အတွက် လျှောက်ထားမှု (၃၅) ခုရှိခဲ့ရာ စုစုပေါင်းစီမံကိန်း (၂၁) ခုအား အတည်ပြုပေးခဲ့ပြီး ရန်ပုံငွေဟောင်ကောင်ဒေါ်လာ (၁၅၃) သန်း ပံ့ပိုးပေးခဲ့ကြောင်း၊ လျှောက်ထားမှုထက်ဝက်ကျော်မှာ အစားအသောက်ထုတ်လုပ်မှုနှင့် ဆက်စပ်သည့်လုပ်ငန်းများဖြစ်ပြီး အခြားလုပ်ငန်းများမှာ ပုံနှိပ်ထုတ်ဝေမှုများ၊ ဆေးရုံသုံးပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများ အစရှိသည်တို့ပါဝင်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်ဆန်းသစ်မှု (Re-industrialisation) တွင် လုပ်ငန်းနေရာကြီးမားကျယ်ပြန့်ရန်နှင့် အလုပ်သမားအင်အား အများအပြားလိုအပ်ခြင်းမရှိကြောင်း၊ Re-industrialisation ကို မြှင့်တင်နိုင်ရန် စက်ရုံများသို့ ကျောင်းသားများနှင့် လေ့လာသူဧည့်သည်များ လာရောက်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၌ ထုတ်လုပ်မှုလုပ်ငန်းမှာ ဟောင်ကောင်ဒေသ ဂျီဒီပီ၏ (၁) ရာခိုင်နှုန်းသာပါဝင်ကြောင်း၊ ဟောင်ကောင်ဒေသ အစိုးရဗျူရိုအား ပြန်လည်ဖွဲ့စည်းမှုတွင် ဟောင်ကောင်ဒေသ၏ Re-industrialisation ကိုလည်း ကြိုးပမ်းဆောင်ရွက်ရန် ဟောင် ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam Cheng Yuet –ngor မှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြောကြားခဲ့သည့် မူဝါဒရေးရာမိန့်ခွန်းတွင် ပါဝင်ကြောင်း၊ ထို့ပြင် Re-industrialisation ကို မြှင့်တင်ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ယခု လက်ရှိ Innoviation and Technology Bureau အား Innovation, Technology and Industry Bureau အဖြစ်အမည် ပြောင်းလဲ သင့်သည်ဟု အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam က အကြံပြုပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post သတင်းစာ (26-1-2022)

Category: International News